data/burmese/cpsAssets/world-53250349.json

Summary

Maintainability
Test Coverage
{
    "content": {
      "blocks": [
        {
          "altText": "လီကျန်ရှန်းရဲ့ လူငယ်ဘဝ",
          "caption": "လီကျန်ရှန်းရဲ့ လူငယ်ဘဝ",
          "copyrightHolder": "Li Zhensheng/Contact Press Images/Eyevine",
          "height": 549,
          "href": "http://c.files.bbci.co.uk/10AC9/production/_113179286__113089905_li670717.jpg",
          "id": "113179286",
          "path": "/cpsprodpb/10AC9/production/_113179286__113089905_li670717.jpg",
          "positionHint": "full-width",
          "subType": "body",
          "type": "image",
          "width": 976
        },
        {
          "markupType": "plain_text",
          "role": "introduction",
          "text": "လီကျန်ရှန်းက  တရုတ်ယဥ်ကျေးမှုတော်လှန်ရေးကာလတုန်းက ဖြစ်ပျက်ခဲ့တာတွေကို အသက်အန္တရာယ်ကြား စွန့်စားပြီး ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သူ တစ်ယောက်ပါ။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "၂၀ရာစုရဲ့ အရှုပ်ထွေးဆုံး ပဋိပက္ခတစ်ခုထဲမှာ ပါဝင်တဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလအတွင်း  လူတွေ၊ နေရာတွေကို ရှားရှားပါးပါး မှတ်တမ်းတင်ခွင့်ရခဲ့တာက  အစိုးရသတင်းစာတစောင်မှာ   ဓာတ်ပုံဆရာအဖြစ် သူ အလုပ်လုပ်နေလို့ပါ။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "သူရိုက်ခဲ့တဲ့ ဓာတ်ပုံသောင်းနဲ့ချီတဲ့အထဲက တချို့ကို ပုံနှိပ်ဖော်ပြခဲ့ပေမဲ့ တချို့ပုံတွေကိုတော့ အ‌ရေးယူ အပြစ်ပေးခံရမှာကြောက်ပြီး သူ့အိမ်ကြမ်းခင်းအောက်မှာ ဖွက်ထားခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "တစ်နေ့ကျရင် ဖွက်ထားတဲ့ဓာတ်ပုံတွေကို  ကမ္ဘာသိအောင် ဘယ်လိုပြရမလဲဆိုတဲ့  နည်းလမ်းကိုလည်း အဲ့ဒီတုန်းက သူမသိခဲ့ပါဘူး။  ",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "အခုတော့ အသက်၇၉နှစ် အရွယ်မှာ လီကျန်ရှန်း ဦးနှောက်သွေးယိုစီးတဲ့ရောဂါနဲ့ ဒီသီတင်းပတ် အစောပိုင်းက အမေရိကန်မှာ သေဆုံးသွားပြီဆိုတဲ့အကြောင်း သူ့ထုတ်ဝေသူ ဟောင်ကောင် တက္ကသိုလ်ပုံနှိပ်တိုက်က ပြောခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "ကျွန်တော်ဘဝတစ်ခုလုံးမှာ   မြင်ခဲ့ကြုံခဲ့ရတာတွေကို သက်သေခံအဖြစ်  သမိုင်းမှတ်တမ်းတင်ခဲ့ပါ တယ်။ အခုတော့ ကျွန်တော်က သမိုင်းထဲကနေ ကျန်ရစ်ခဲ့တော့မယ့်လူပါ "  လို့ သူမသေခင်က ပြောခဲ့တာကို သူ့ထုတ်ဝေသူက မှတ်တမ်းတင်ထားပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "အနီရောင် သတင်းစစ်သည်တော်",
          "type": "heading"
        },
        {
          "markupType": "plain_text",
          "text": " တရုတ်ပြည် လျောင်နင်းနယ်က ဆင်းရဲသားမိဘကနေ ၁၉၄၀ ပြည့်နှစ်မှာ  သူ့ကိုမွေးဖွားလာခဲ့ပြီး   ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " အသက် ၃ နှစ်မှာ သူ့အမေဆုံးသွားလို့   အသက် ၁၀ နှစ်မတိုင်ခင်အထိ သူ့အဖေ့ကို လယ်ထဲမှာ ကူရင်း ကြီးခဲ့ရပါတယ်။ အသက်ကြီးမှ  ကျောင်းစတက်ခဲ့ရပေမဲ့   စာတော်လို့  အတန်းထိပ်ဆုံးကို ခဏလေးနဲ့ ရောက်ခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " Changchun ချန်ချွန် ရုပ်ရှင်ကျောင်းကို သူတက်ခွင့်ရခဲ့ပါတယ်။ နောက်တော့  တဖြည်းဖြည်းနဲ့  တရုတ်ပြည် အရှေ့မြောက်ပိုင်း Heilongjiang ဟေလုံကျန်း နေ့စဥ်သတင်းစာရဲ့  ဝန်ထမ်းဓာတ်ပုံဆရာ ဖြစ်လာခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " အဲ့ဒီသတင်းစာတိုက်မှာ  သူအလုပ်လုပ်နေချိန်မှာပဲ   တရုတ်သမိုင်းထဲက  အဆိုးရွားဆုံး အကြမ်းဖက်မှု ကာလကြီးတစ်ခုနဲ့ သူကြုံခဲ့ရပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံးက  သူ့ပြိုင်ဖက်တွေကို ဖယ်ရှားပစ်ဖို့ လှုံ့ဆော်မှုတွေ စလုပ်ခဲ့တဲ့ ၁၉၆၆ မှာ ယဥ်ကျေးမှုတော်လှန်ရေး စဖြစ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော တရုတ်လူငယ်တွေကို တရုတ်ယဥ်ကျေးမှု အဟောင်းအနွမ်းလေးခုဖြစ်တဲ့ ဓလေ့ဟောင်း၊အကျင့်ဟောင်း၊ ယဥ်ကျေးမှုဟောင်းနဲ့ အယူအဆဟောင်းတွေကို တိုက်ဖျက်ပစ်ရမယ် ဆိုပြီး မော်စီတုံးက  စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။  ",
          "type": "paragraph"
        },
        {
          "altText": "မော်စီတုံးရဲ့ စာအုပ်နီလေးတွေနဲ့အတူတွေ့ရတဲ့ ရေကူးသမားတွေ",
          "caption": "မော်စီတုံးရဲ့ စာအုပ်နီလေးတွေနဲ့အတူတွေ့ရတဲ့ ရေကူးသမားတွေ",
          "copyrightHolder": "Li Zhensheng/Contact Press Images/Eyevine",
          "height": 549,
          "href": "http://c.files.bbci.co.uk/158E9/production/_113179288__113089907_li680716b.jpg",
          "id": "113179288",
          "path": "/cpsprodpb/158E9/production/_113179288__113089907_li680716b.jpg",
          "positionHint": "full-width",
          "subType": "body",
          "type": "image",
          "width": 976
        },
        {
          "markupType": "plain_text",
          "text": " ကောလိပ်တွေကလည်း ပိတ်ထားတော့ တော်လှန်ရေးအလုပ်ကို ကျောင်းသားတွေ ပိုအာရုံစိုက်ခဲ့ကြပြီး လှုပ်ရှားမှုတွေကလည်း မြန်မြန်ပြန့်လာခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "အာဏာပိုင်တွေဘက်က ရပ်တည်ပြီးတော့  သူတို့လှုပ်ရှားမှုကို ဆန့်ကျင်တဲ့အရာ၊  ဆန်ကျင်တဲ့လူ အားလုံးနီးပါးကို  စတင်တိုက်ခိုက်ခဲ့ကြပါတယ်။ ",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " သားသမီးတွေက သူတို့ မိဘတွေကို ပြန်လှန်ဆန့်ကျင်၊ ကျောင်းသားတွေက သူတို့ဆရာတွေကို ပြန်လှန်ဆန့်ကျင်တာတွေ ဖြစ်ခဲ့ပြီးတော့ ပညာတတ်တွေ အများစုလည်း ပြည်ပကို တိမ်းရှောင် ထွက်သွားကြပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "လူ ထောင်ပေါင်းများစွာ  ရိုက်သတ်ခံရတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွန်းအားပေး ခံခဲ့ရတာတွေ ကြုံခဲ့ရပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " လီရဲ့  အလုပ်သစ်ကနေ  သူ့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ဆိုးရွားတဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နိုင်တဲ့ ထူးခြားတဲ့အခွင့်အရေး သူရခဲ့တာပါ။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "ပြီးတော့ သူတို့ရိုက်ချင်တဲ့ ပုံတွေ ရိုက်ခွင့်ရနေတဲ့  Red Guardsလို့ အမည်ရတဲ့ ရန်လိုတဲ့ကျောင်းသား အဖွဲ့တွေကို သူသတိထားမိလိုက်လို့    သူကိုယ်တိုင်လည်း အနီရောင် သတင်းစစ်သည်တော်  စာထိုး ထားတဲ့ လက်ပတ်ဝတ်ဖို့  ဆုံးဖြတ်ခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "အဲ့ဒီလက်ပတ်ကြောင့် နှိပ်စက်ညှင်းပန်းခံရတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ရိုက်ခွင့်ရခဲ့တယ်"လို့ ဘီဘီစီနဲ့ အစောပိုင်းက လုပ်ခဲ့တဲ့ သူ့အင်တာဗျုးမှာ ပြောခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "ဆူဆူပူပူ အုံကြွထိန်းမရတဲ့ ခေတ်ကြီးကို မှတ်တမ်းတင် ရမယ်လို့ အသိရခဲ့တယ်။ တော်လှန်ရေးအတွက် လုပ်နေတာလား၊ ကိုယ့်အတွက် လုပ်နေတာလား အနာဂတ်အတွက် လုပ်နေတာ လားဆိုတာကိုတော့ တကယ်မသိခဲ့ပါဘူး"လို့လည်း သူ ပြောခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " ဒါပေမဲ့ သူရိုက်တဲ့ပုံတွေက  တချိန်မှာ ပြဿနာရှိလာနိုင်ပြီး သူ့ကိုပါ ပစ်မှတ်ထားလာနိုင်တယ် ဆိုတာကိုတော့  သူသဘောပေါက်ခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "အဲ့ဒါကြောင့် ပုံနှစ်သောင်းပတ်ဝန်းကျင်ရှိတဲ့  ဓာတ်ပုံဖလင်တွေကို သူ့အိမ် ကြမ်းခင်းအောက်မှာ ဖွက်ထားခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "altText": "ဥက္ကဋ္ဌကြီးမော်ကို ဝေဖန်မှုနဲ့ စွပ်စွဲခံရတဲ့ ဟေလုံကျန်းနယ် အုပ်ချုပ်ရေးမှူး ဆံပင်တွေအဖြတ်ခံခဲ့ရ",
          "caption": "ဥက္ကဋ္ဌကြီးမော်ကို ဝေဖန်မှုနဲ့ စွပ်စွဲခံရတဲ့ ဟေလုံကျန်းနယ် အုပ်ချုပ်ရေးမှူး ဆံပင်တွေအဖြတ်ခံခဲ့ရ",
          "copyrightHolder": "Li Zhensheng/Contact Press Images/Eyevine",
          "height": 549,
          "href": "http://c.files.bbci.co.uk/2AF6/production/_113089901_li660912-5-b.jpg",
          "id": "113089901",
          "path": "/cpsprodpb/2AF6/production/_113089901_li660912-5-b.jpg",
          "positionHint": "full-width",
          "subType": "body",
          "type": "image",
          "width": 976
        },
        {
          "markupType": "plain_text",
          "text": "တန်ပြန်တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ၁၉၆၈ မှာ စွပ်စွဲခံရပြီး  အာဏာပိုင်တွေက သူ့အခန်းကို မွှေနှောက်ရှာဖွေတာတွေ လုပ်ခဲ့ကြပေမဲ့ သူဖွက်ထားတဲ့ဖလင်တွေကိုတော့ ရှာမတွေ့သွားကြပါဘူး။ ",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " တကယ်လို့ အဲ့ဒါတွေ ရှာတွေ့သွားရင်တော့ လီရဲ့အခြေနေက အများကြီး ဆိုးသွားနိုင်ပါတယ်။ ပြစ်ဒဏ်တွေ အကြီးအကျယ် ကျခံရမှာဖြစ်သလို  ဖလင်တွေလည်း ဖျက်ဆီးခံရမှာ သေချာပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "အရဲစွန့် လုပ်ရတာပေါ့ဗျာ။ အဲ့ဒီပုံတွေ ရိုက်ခဲ့တုန်းကတော့  ဒီပုံတွေ ဘယ်လိုအသုံးဝင်မလဲဆိုတာ သေသေချာချာ မသိခဲ့ပါဘူး" လို့ သူက ဝန်ခံခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " လီရဲ့ဓာတ်ပုံတွေ ပါမသွားဘဲ လုံခြုံခဲ့ပေမဲ့ သူကတော့ မလုံခြုံခဲ့ပါဘူး။ သူနဲ့ သူ့မိန်းမကို လူသိရှင်ကြား စွပ်စွဲ ရှုတ်ချခံခဲ့ရပြီး အလုပ်ကြမ်းစခန်းကို ၂နှစ် အတင်းအကျပ်ပို့ခံခဲ့ရပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "အဲ့ဒီကနေ ပြန်လွတ်ပြီး သူ့အခန်းကို ပြန်ရောက်လာတော့ သူဖွက်ထားတဲ့ဓာတ်ပုံတွေ မပျက်မစီး အရင်အတိုင်းရှိနေတာကို တွေ့ခဲ့ရပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "အချိန်တွေကြာလာပြီးတဲ့ နောက်ပိုင်း သူဟာ ဘေဂျင်းတက္ကသိုလ်တခုမှာ ပါမောက္ခ ဖြစ်လာခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "ပြီးတော့   တရုတ်ပြည်မှာ သတင်းစာလွတ်လပ်ခွင့် အစလေး မြင်လာရချိန် ၁၉၈၀ ကျော်နှစ်တွေ အတွင်း သူ့ဓာတ်ပုံတွေကို ခင်းကျင်းပြသတဲ့ ပြပွဲ တစ်ခုဘေဂျင်းမှာ လုပ်ခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "altText": "လက်ပတ်နီပတ်ထားတဲ့ Red Guards အဖွဲ့က လူငယ်တွေ",
          "caption": "လက်ပတ်နီပတ်ထားတဲ့ Red Guards အဖွဲ့က လူငယ်တွေ",
          "copyrightHolder": "Getty Images",
          "height": 549,
          "href": "http://c.files.bbci.co.uk/16376/production/_113089909_gettyimages-515098766.jpg",
          "id": "113089909",
          "path": "/cpsprodpb/16376/production/_113089909_gettyimages-515098766.jpg",
          "positionHint": "full-width",
          "subType": "body",
          "type": "image",
          "width": 976
        },
        {
          "markupType": "plain_text",
          "text": "အဲ့ဒီပွဲက သူ့ဓာတ်ပုံတွေကို Contact Press Images (CPI) က ရောဘတ်ပလိဂ်က တွေ့သွားပြီးတော့ သူ့ပုံတွေနဲ့ စာအုပ်တစ်အုပ်လုပ်ဖို့ နောက်ပိုင်း ဖြစ်လာခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " လီကျန်ရှန်းရဲ့ စာအုပ်နာမည်က Red-colour News Soldier အနီရောင် သတင်းစစ်သည်တော်လို့ ခေါ်ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "သူ့လုပ်ဖော်ကိုင်ဖက် အများစုက နိုင်ငံရေးအရ သူတို့ ဓာတ်ပုံဖလင်တွေကို ဖျက်ဆီးဖို့ ခွင့်ပြုခဲ့ကြတဲ့ အချိန် သူကတော့ သူ့ပုံတွေကို အန္တရာယ်တွေကြား ခေါင်းမာမာနဲ့ သိမ်းထားခဲ့တဲ့အတွက် လီကို အမြဲတမ်းကျေးဇူးတင်နေမှာပါ" လို့ ပလိဂ်က ပြောခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " လီက သူ့ဓာတ်ပုံတွေအားလုံးကို အညိုရောင်စာအိတ်လေးတွေနဲ့ထည့်  သိမ်းထားခဲ့တာလို့ သူက ထုတ်ပြောခဲ့ပါတယ်။ စာအိတ်တစ်ခုချင်းဆီပေါ်မှာ တရုတ်လက်ရေးလှလှနဲ့ ပုံစာတွေကိုလည်း  လီက  အနုစိတ်  ရေးထားခဲ့တာပါ။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": "ဘုံရပ်ရွာတွေ၊ စီရင်စုတွေ၊ လူနာမည်တွေ၊ တရားဝင်ရာထူးတွေနဲ့  ပွဲတွေအကြောင်း အသေးစိတ်အတိအကျ  သေသေချာချာရေးခဲ့တာဖြစ်ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " သူ့ဓာတ်ပုံတွေကို ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေမှာ ခင်းကျင်းပြသ ဖြစ်ခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "altText": "Lucie Awards ပွဲမှာတွေ့ရတဲ့ လီဇန်ရှင်း",
          "caption": "Lucie Awards ပွဲမှာတွေ့ရတဲ့ လီဇန်ရှင်း",
          "copyrightHolder": "Getty Images",
          "height": 549,
          "href": "http://c.files.bbci.co.uk/E48D/production/_113090585_gettyimages-186060518.jpg",
          "id": "113090585",
          "path": "/cpsprodpb/E48D/production/_113090585_gettyimages-186060518.jpg",
          "positionHint": "full-width",
          "subType": "body",
          "type": "image",
          "width": 976
        },
        {
          "markupType": "plain_text",
          "text": " ကမ္ဘာ့ဓာတ်ပုံ အကယ်ဒမီဆုလို့ လူသိကြတဲ့ Lucie Award ဆုကို ၂၀၁၃ မှာ သူရရှိခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " ပြီးတော့ သူ့ဓာတ်ပုံတွေကို တရုတ်စာနဲ့ ပုံနှိပ်ပြီး ဟောင်ကောင်မှာ ၂၀၁၈ က ပထမဆုံး ပုံနှိပ်ထုတ် ဝေခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "လီ လုပ်ခဲ့သလိုမျိုး ဘယ်ဓာတ်ပုံဆရာကမှ ယဥ်ကျေးမှုတော်လှန်ရေးကို စေ့စေ့စပ်စပ် ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ခဲ့ကြပါဘူး" လို့ သူသေပြီးနောက်ပိုင်း Contact Press Images ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။",
          "type": "paragraph"
        },
        {
          "markupType": "plain_text",
          "text": " "မခန့်မှန်းနိုင်လောက်တဲ့ ဓာတ်ပုံအမွေအနှစ်တွေ သူထားသွားခဲ့တာပါ။ အဲဒါကြောင့် သူ့ကိုအများ ကြီး သတိရနေကြဦးမှာပါ။"",
          "type": "paragraph"
        }
      ]
    },
    "metadata": {
      "analyticsLabels": {
        "counterName": "burmese.world.story.53250349.page",
        "cps_asset_id": "53250349",
        "cps_asset_type": "sty"
      },
      "atiAnalytics": {
        "producerId": "35",
        "producerName": "BURMESE"
      },
      "blockTypes": [
        "image",
        "paragraph",
        "heading"
      ],
      "createdBy": "burmese-v6",
      "firstPublished": 1593603127000,
      "id": "urn:bbc:ares::asset:burmese/world-53250349",
      "includeComments": false,
      "language": "my",
      "lastPublished": 1593603127000,
      "lastUpdated": 1593612465332,
      "locators": {
        "assetId": "53250349",
        "assetUri": "/burmese/world-53250349",
        "cpsUrn": "urn:bbc:content:assetUri:burmese/world-53250349",
        "curie": "http://www.bbc.co.uk/asset/04cffaf3-3d23-4af7-bf61-09bcd8a7473b"
      },
      "options": {
        "allowAdvertising": true,
        "allowDateStamp": true,
        "allowHeadline": true,
        "allowPrintingSharingLinks": true,
        "allowRelatedStoriesBox": true,
        "allowRightHandSide": true,
        "hasContentWarning": false,
        "hasNewsTracker": false,
        "includeComments": false,
        "isBreakingNews": false,
        "isFactCheck": false,
        "isIgorSeoTagsEnabled": false,
        "isKeyContent": false,
        "suitableForSyndication": true
      },
      "passport": {
        "campaigns": [
          {
            "campaignId": "5a988e2139461b000e9dabf7",
            "campaignName": "WS - Inspire me"
          },
          {
            "campaignId": "5a988e2939461b000e9dabf8",
            "campaignName": "WS - Educate me"
          }
        ],
        "category": {
          "categoryId": "http://www.bbc.co.uk/ontologies/applicationlogic-news/News",
          "categoryName": "News"
        },
        "taggings": []
      },
      "tags": {
        "about": [
          {
            "curationList": [
              {
                "curationId": "e1b7d49e-c422-435f-9ae8-c933cbd638a9",
                "curationType": "vivo-stream"
              }
            ],
            "thingEnglishLabel": "Photography",
            "thingId": "ae0d5073-dfeb-4251-b555-0a9c74f3d4e0",
            "thingLabel": "ဓာတ်ပုံ",
            "thingSameAs": [
              "http://dbpedia.org/resource/Photography"
            ],
            "thingType": [
              "tagging:TagConcept",
              "core:Theme",
              "core:Thing"
            ],
            "thingUri": "http://www.bbc.co.uk/things/ae0d5073-dfeb-4251-b555-0a9c74f3d4e0#id",
            "topicId": "cnq68qxqq69t",
            "topicName": "ဓာတ်ပုံ"
          },
          {
            "curationList": [
              {
                "curationId": "28050344-1394-423d-a78b-e9c9cb03716b",
                "curationType": "vivo-stream"
              }
            ],
            "thingEnglishLabel": "Hong Kong",
            "thingId": "a3b15769-775e-471d-a511-a7b78f346859",
            "thingLabel": "ဟောင်ကောင်",
            "thingSameAs": [
              "http://sws.geonames.org/1819729/"
            ],
            "thingType": [
              "core:Thing",
              "tagging:TagConcept",
              "core:Place"
            ],
            "thingUri": "http://www.bbc.co.uk/things/a3b15769-775e-471d-a511-a7b78f346859#id",
            "topicId": "c06gq6p7n2dt",
            "topicName": "ဟောင်ကောင်"
          },
          {
            "curationList": [
              {
                "curationId": "a2293191-a6b1-456e-9ec3-f3955093a7d8",
                "curationType": "vivo-stream"
              }
            ],
            "thingEnglishLabel": "China",
            "thingId": "6892384e-1966-4c03-9ce3-f694a8f9f69e",
            "thingLabel": "တရုတ်",
            "thingSameAs": [
              "http://sws.geonames.org/1814991/",
              "http://dbpedia.org/resource/China",
              "http://www.wikidata.org/entity/Q148"
            ],
            "thingType": [
              "core:Thing",
              "tagging:TagConcept",
              "core:Place"
            ],
            "thingUri": "http://www.bbc.co.uk/things/6892384e-1966-4c03-9ce3-f694a8f9f69e#id",
            "topicId": "cdr56r7wngqt",
            "topicName": "တရုတ်"
          }
        ]
      },
      "timestamp": 1593603127000,
      "type": "STY",
      "version": "v1.3.2"
    },
    "promo": {
      "headlines": {
        "headline": "တရုတ်ယဥ်ကျေးမှုတော်လှန်ရေးရဲ့ မှတ်တမ်းတင် ဓာတ်ပုံဆရာ",
        "shortHeadline": "တရုတ်ယဥ်ကျေးမှုတော်လှန်ရေးရဲ့ မှတ်တမ်းတင် ဓာတ်ပုံဆရာ"
      },
      "id": "urn:bbc:ares::asset:burmese/world-53250349",
      "indexImage": {
        "altText": "လီဇန်ရှင်းရဲ့ လူငယ်ဘဝ",
        "caption": "လီဇန်ရှင်းရဲ့ လူငယ်ဘဝ",
        "copyrightHolder": "Li Zhensheng/Contact Press Images/Eyevine",
        "height": 549,
        "href": "http://c.files.bbci.co.uk/10AC9/production/_113179286__113089905_li670717.jpg",
        "id": "113179286",
        "path": "/cpsprodpb/10AC9/production/_113179286__113089905_li670717.jpg",
        "subType": "index",
        "type": "image",
        "width": 976
      },
      "language": "my",
      "locators": {
        "assetId": "53250349",
        "assetUri": "/burmese/world-53250349",
        "cpsUrn": "urn:bbc:content:assetUri:burmese/world-53250349",
        "curie": "http://www.bbc.co.uk/asset/04cffaf3-3d23-4af7-bf61-09bcd8a7473b"
      },
      "passport": {
        "campaigns": [
          {
            "campaignId": "5a988e2139461b000e9dabf7",
            "campaignName": "WS - Inspire me"
          },
          {
            "campaignId": "5a988e2939461b000e9dabf8",
            "campaignName": "WS - Educate me"
          }
        ],
        "category": {
          "categoryId": "http://www.bbc.co.uk/ontologies/applicationlogic-news/News",
          "categoryName": "News"
        },
        "taggings": []
      },
      "summary": "တန်ပြန်တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ၁၉၆၈မှာ စွပ်စွဲခံရပြီး အာဏာပိုင်တွေက သူ့အခန်းကို မွှေနှောက်ရှာဖွေတာတွေ လုပ်ခဲ့ကြပေမဲ့ သူဖွက်ထားတဲ့ဖလင်တွေကိုတော့ ရှာမတွေ့ သွားကြပါဘူး။",
      "timestamp": 1593603127000,
      "type": "cps"
    },
    "relatedContent": {
      "groups": [],
      "section": {
        "name": "နိုင်ငံတကာရေးရာ သတင်းများ",
        "subType": "index",
        "type": "simple",
        "uri": "/burmese/world"
      },
      "site": {
        "name": "ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း",
        "subType": "site",
        "type": "simple",
        "uri": "/burmese"
      }
    }
  }